ဖောင်းပြင် ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး တတိယ အကြိမ် ထိုးနှံခြင်းအတွက် နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ၊ ဘာသာရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်အသီးသီးတို့အား ထိုးနှံပေးသွားမည် ဖြစ်ရာ ယနေ့ နံနက် ၉နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံမည့်သူများအား မှတ်တမ်းများယူခြင်း၊ ကျန်းမာရေး စစ်ဆေး ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း စနစ်တကျထိုး နှံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ များက ပူးပေါင်းဆောင်ရွက်ကာ ကာကွယ်ဆေး ထိုးနှံခြင်းကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူ များက ထိုးနှံပေးသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံနိုင်ရန်အတွက် ကာကွယ်ဆေးအလုံးရေ (၁၅၀၀)ရရှိ ပြီး ဦးရေ ၃၀၀၀ အားထိုးနှံမည်ဖြစ်ကာ ယနေ့တွင် နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များအား ဦးစားပေး ထိုးနှံခဲ့သည်။ ဆက်လက်၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေစေရေးအတွက် မြို့ပေါ်ရပ်ကွက (၂) ခုနှင့် ကျေးရွာအုပ်(၇)အုပ်စုတို့တွင် ကာကွယ်ဆေးထိုးနှံ ရေး စင်တာများဖွင့်လှစ်၍ ယခုလ ၂၄ရက်အတွင်း အပြီးထိုးနှံသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်ကော်မတီမှ သိရသည်။
ကိုထွန်း