ကော့သောင်း သြဂုတ် ၁၉
နိုင်ငံနှင့်အဝှမ်းကူးစက်မြန်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် တစ်ဆင့်ကူးစက်ခံရသူများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုးရိမ်ဖွယ်ရာပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ရောဂါကာကွယ်ရေးစည်ကမ်းချက်များကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိ သူများ မော်တော်ယာဉ်ဖြင့် ယမန်နေ့ ညနေပိုင်းက လိုက်လံနှိုးဆော် ကြေညာလျက်ရှိကြောင်း သိရသည်။
မြို့နယ် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီအနေဖြင့် မြို့နေ ပြည်သူများ လက်ရှိအခြေအနေတွင်မိမိအိမ်တွင်း၌သာနေထိုင်ကြရေး၊ ဧည့်သည်များ လက်မခံ ကြဘဲ မိမိကိုယ်တိုင်လည်းအခြားသူများထံမသွားရောက်ကြရေး၊ မဖြစ်မနေအပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာကြရေး၊ ကျန်းမာရေးနှင်အားကစားဝန်ကြီး ဌာနမှ နေ့စဉ်ထုတ်ပြန်ကြေညာချက်အများအတိုင်း စနစ်တကျ ပူးပေါင်းလိုက်နာဆောင်ရွက်ကြရေး၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချကြရေး၊ ဈေးများမှ ဈေးရောင်းဈေးဝယ်များအား ပါးစပ်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရောင်းဝယ် ကြရေး နေ့စဉ်နှိုးဆော်ရေးမော်တော်ယာဉ်များဖြင့် မြို့နယ်၊ မြို့များနှင့်ကျေးရွာများအနှံ့ လှည့်လည်နှိုးဆော်အသိပေးမှုလုပ်ငန်းများအရှိန်အဟုန်မြှင့် အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိ သည့်အပြင် ကော့သောင်းမြို့အနေဖြင့် ကော့သောင်းမြို့နယ်ကျန်းမာရေးဌာန၏ နေ့စဉ်ထုတ် ပြန်ချက်များဖြစ်သည့် ရောဂါကူးစက်မှု နောက်ဆုံးအခြေအနေများကို မြို့နေပြည်သူများ သတိပြုဆင်ခြင်နိုင်ကြစေရန်လည်း ထည့်သွင်းသတိပေးနှိုးဆော်လျက်ရှိကြောင်းလည်းသိရ သည်။
ကျော်စိုး