မိုင်းယောင်းမြို့နယ် ဖျားနာကုဆေးခန်း၌ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးလျက်ရှိ

မိုင်းယောင်း ဩဂုတ် ၂၂

 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် အမှတ်(၉)ရပ်ကွက် ဖျားနာကုဆေးခန်း၌ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကလာရောက် စစ်ဆေးသော အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၅ ဦးတို့အား RDT Test Kit ဖြင့် စစ်ဆေးရာ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး ငါးဦး၊ အမှတ်(၆)ရပ်ကွက်မှ အမျိုးသမီး တစ်ဦးနှင့် အမှတ်(၇)ရပ်ကွက်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးတို့ထံတွင် Positive တွေ့ရှိခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ဩဂုတ် ၂၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာ မိုင်းယောင်း ၈၁ ဦး၊ မိုင်းယု ၃၄ ဦး စုစုပေါင်း ၁၁၅ ဦးရှိ​ပြီး ယနေ့ ပိုးတွေ့ လူနာသစ် ၁၅ ဦးသည် မိုင်းယောင်းမြို့မှဖြစ်ကြောင်း၊ ကျန်းမာရေး ပြန်လည်ကောင်းမွန် လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ မိုင်းယောင်း ၃၄ ဦး၊ မိုင်းယု ၃၃ ဦး စုစုပေါင်း ၆၇ ဦးဖြစ်ကာ လက်ရှိတွင် အတည်ပြုလူနာ မိုင်းယောင်း ၄၇ ဦး၊ မိုင်းယု တစ်ဦး စုစုပေါင်း ၄၈ ဦးကျန်ရှိ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာ ၄၈ ဦးသည် သက်ဆိုင်ရာမြို့၏ ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် အသီးသီး ဆေးကုသမှုခံ ယူနေကြကာ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း