ဝန်းသို ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ ခန္တီးပရိယတ္တိစာသင်တိုက်အတွင်း ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရသည့် ရဟန်း၊ သာမဏေ ၂၇ ပါးအတွက် လိုအပ်သောဆေးဝါးအသုံး အဆောင်ပစ္စည်းများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက အဆိုပါဘုန်းတော်ကြီးကျောင်း တိုက်အုပ်ဆရာတော် ဦးကုမာရထံ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် သီးခြားကျောင်းဆောင်များတွင် သီတင်းသုံးနေထိုင်ကြသော Positive ရဟန်း၊ သာမဏေများအား တာဝန်ရှိသူများက အားပေးစကား သွားရောက်လျှောက်ထားခဲ့ပြီး ကျန်းမာရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နေ့စဉ်လာရောက်ကြည့်ရှုဆောင်ရွက်မည့် အစီအစဉ်များ၊ ကျန်းမာရေးချို့တဲ့ခံစားရမှုများရှိပါက လိုအပ်သောစောင့်ရှောက်မှု ဆောင်ရွက်ပေးမည့် အစီအစဉ်များကို လျှောက်ထားတင်ပြခဲ့သည်။
ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူ ရဟန်း၊ သာမဏေအပါအဝင် လူနာ စုစုပေါင်း၂၄၉ ဦးရှိပြီး သေဆုံးသူ ၅ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၂၁၄ ဦးရှိ၍ ဆေးကုသခံယူလျက်ရှိသူ ၃၀ ဦး ကျန်ရှိကြောင်း သိရသည်။
ကျော်မြိုင်