သုံးခွ ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ညနေ ၇ နာရီက သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်း၊ ကျဆင်း၊ ပပျောက်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိ နေသော ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးလာရောက်ထိုးနှံကြပါရန် အသံချဲ့စက်ဖြင့် လိုက်လံလည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများရောဂါကူးစက် ပြန့်ပွားမှုများ မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် အတတ်နိုင်ဆုံး မဖြစ်မနေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်း ဆက်ပြတ်တောက်ပြီး ကူးစက်မူကိုထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်ဖြစ်ပါကြောင်း၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ပြီး အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းတို့မှ ရှောင်ကြဉ် ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းမှရှောင်ကြဉ်ကြရန် အသိပညာပေးနှိုးဆော်ခြင်းနှင့်အတူ ၂၁-၈-၂၀၂၁ ရက်နေ့တွင် မြို့နယ်အားကစားခန်းမ(ခြင်းလုံးရုံ)၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေး လာရောက်ထိုးနှံကြပါရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံနှိုးဆော်ခဲ့ကြခြင်း ဖြစ်သည်။
သုံးခွမြိုနယ်တွင် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်အားဆေးတစ်လုံးလျှင် လူနှစ်ယောက်နှုန်းဖြင့် (၁-၈-၂၀၂၁)ရက် နေ့မှ(၂၀-၈-၂၀၂၁)ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ၀န်ထမ်းများနှင့် မိသားစုဝင်များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဈေးသူဈေးသားများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ လူဦးရေစုစုပေါင်း(၄၅၉၉) ဦးအားထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)