ဒီပဲယင်းမြို့နယ်တွင် အာဟာရပြည့်ဝသော စာနပ်ရိက္ခာများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် Home Gardening ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ

 ဒီပဲယင်း ဩဂုတ် ၂၃ ရက်

 စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အာဟာရ ပြည့် ဝသော စာနပ်ရိက္ခာများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် တောင်သူများအပိုဝင်ငွေ ရရှိစေရန် Home Gardening စိုက်ပျိုးခြင်း လုပ်ငန်းကို ပညာပေးဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

 ထိုကဲသို့ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ ပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် Home Gardening စိုက်ပျိုးနည်းစနစ်များ ပညာပေးခြင်း မျိုးစေ့ပျိုးပင်များအား အခမဲ့ဖြန့်ဝေပေးခြင်းဖြင့် မိသားစု တနိုင်တစ်ပိုင် အပိုဝင်ငွေရရှိကာ ဘေးအန္တရာယ်ကင်းရှင်းပြီး သန့်ရှင်းလက်ဆက်၍ အာဟာရပြည့်ဝ‌‌‌သော စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ရည်ရွယ်ပြီး နည်းပညာပေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။