သတင်းများ

ပလောက်မြို့၊မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား နှိုးဆော်
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီခွဲ အချိန်ခန့်က Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပညာ ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ သိရှိလိုသည်များ စုံစမ်းနိုင်ရန် Call Center ဖွင့်လှစ်ထားရှိ
Aug 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးကိုထုတ်ပေးရန် (၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂)ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ၁၈ လကြာဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ပလောက်မြို့တွင် နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်တွင် မြို့စည်ပင်သာယာဈေးကြီး အရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ်နှင့် အမှတ်(၄)ရပ်ကွက်၊ လမ်းဆုံတို့တွင် ခရီးသွား ပြည်သူများနှင့် နေအိမ် ပြင်ပထွက်ခွာသွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ အရေးယူခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် (၅၉)စင်တီမီတာလို
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက် (၆:၃၀)အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၆၈၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ထီးချိုင့်မြို့ စိုးရိမ်ရေမှတ် ၇၄၀ စင်တီမီတာသို့ ရောက်ရှိရန် (၅၉)စင်တီမီတာ လိုသေးကြောင်း သိရသည်။
နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏(ဒုတိယ)အကြိမ် အရပ်ရပ်အခွင့်အရေးလိုင်စင်ရောင်းချပွဲ ကျင်းပ
Aug 23,2021
သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ၂၀၂၁/၂၀၂၂ ခုနှစ် Mini Budgetအတွက် နတ်တလင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ (ဒုတိယ)အကြိမ် အရပ်ရပ်အခွင့်အရေးလိုင်စင် ရောင်းချပွဲကို  ကျင်းပခဲ့သည်။
သီပေါမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းပေး
Aug 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတအသင်း ဦးဆောင်၍  စေတနာရှင်အလှူရှင်ပြည်သူများ စုပေါင်းလှူဒါန်းသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၈)မျိုးအား ကိုဗစ်-၁၉ကာလ အခက်အခဲရှိသော မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ Call Center များဖွင့်လှစ်
Aug 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်သားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရန်(၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၂)ရက်နေ့အထိ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်း၌ ကျေးရွာ(၁၄)ရွာနှင့် ရပ်ကွက်(၈)ခုမှ အိမ်ထောင်စု (၂၂၉၉)စုအား ဒုတိယအကြိမ်ဆန်နှင့် မီးဖိုချောင်သုံး စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း
Aug 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပရဟိတလူငယ်များစုပေါင်း၍ မြို့မိမြို့ဖများလှူဒါန်းမှုဖြင့် ဒုတိယအကြိမ်မြောက် ဆန်နှင့် မီးဖိုချောင်သုံး စားသောက် ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခြင်းကို၊ ယမန်နေ့ နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။