ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၈စင်တီမီတာ သာလိုတော့

 

ညောင်ဦး  ဩဂုတ်  ၂၃

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်၂၃ ရက်၊နေ့လည် ၁၂နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် ၂၀၁၃ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာ သို့ရောက်ရှိရန် ၈ စင်တီမီတာလိုတော့ကြောင်းညောင်ဦးမြို့မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနထံကသိရ သည်။

ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆နာရီတိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၀၀၉ စင်တီမီတာနှင့် ယနေ့ နေ့လယ် ၁၂နာရီ တိုင်းထွာချက်အရ ၂၀၁၃စင်တီမီတာသို့ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့ တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာသို့ရောက်ရှိရန်   ၈ စင်တီမီတာ လိုသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရကာ ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှု အခြေ အ နေ၊ မြစ်ရေကျမှုအခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးနေကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံကသိရသည်။

ကိုထိန်