တောင်ကုတ်မြို့နယ်၌အောက်ဆီဂျင်ထုတ်လုပ်မည့်စက်ရုံတည်ဆောက်လျက်ရှိ

တောင်ကုတ်    ​ဩဂုတ် ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝင်း၌  ဩဂုတ် ၁၀ရက်နေ့ ပန္နက်တင်ကာ တန်ဘိုးငွေကျပ်သိန်း(၁၅၀)ကျော် အကုန်အကျခံ၍ မြို့မိမြို့ဖ များက ဦးဆောင်ကာ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့် တိုင်အမြင့်(၁၃)ပေ အကျယ်(၂၆)ပေ ပတ်လည် အုတ်ခုံအမြင့် (၅)ပေ သံတိုင် သံဖရိန် အုပ်ညှပ်သွပ်မိုး ဆောက်လုပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံမှာ ယနေ့နံနက်က (၅၀%) ကျော်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံပြီးစီးပါက စေတနာရှင်အလှူရှင် ရန်ကုန်မြို့ စော်ဘွားကြီးကုန်းဝင်း ဦးခင်မောင်ဝင်း ဒေါ်စိုးမိုးသူ ရွှေမေတ္တာအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး မိသားစုက ဝယ်ယူလှူဒါန်းမည့် အောက်ဆီဂျင်စက် ရန်ကုန်ဆိပ်ကမ်း အရောက် တစ်လုံးဒေါ်လာ(၄၇၀၀)တန် ကွန်တိန်နာအတွင်းတပ်ဆင်းပြီး အောက်ဆီဂျင် ထုတ်စက်သစ်(၂)လုံးအား ထားရှိသွားမည်ဖြစ်ပြီး အောက်ဆီဂျင်ထုတ်လုပ်နိုင်ပါက စက်တစ်လုံးလျင် အောက်ဆီဂျင်(၈၀)အိုး စက်နှစ်လုံးတစ်နေ့(၁၆၀)အိုး ထွက်ရှိမည် ဖြစ်ရာ အောက်ဆီဂျင်လိုအပ်ချက်များအား  ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 စန်းဝင်း ပြန်ဆက်