ကျိုက်မရော သြဂုတ် ၂၃
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၈နာရီမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
ထိုကဲ့သို့ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် အုပ်စုခွဲ၍ သီးသန့်နားနေရန်နေရာများတွင် စနစ်တကျတန်းစီကာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း အလှည့်ကျထုတ်ပေးလျက်ရှိကြောင်းနှင့် ပင်စင်လစာများကို သြဂုတ် ၂၃ရက်မှ သြဂုတ် ၃၁ ရက်နေ့အထိ ဘဏ်ဖွင့်ချိန်အတွင်း နေ့စဉ်နံနက် ၈နာရီမှ ညနေ ၃နာရီ ထိ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများအနေဖြင့် စိတ်အေးချမ်းသာစွာ ပင်စင်လစာငွေများထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်ခွဲဝန်ထမ်းများက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်မာမာခိုင်ထံမှ သိရသည်။
ချို မြတ်မြတ်ထွေး(ပြန်/ဆက်)