Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ အနော်ရထာ လမ်းမကြီးဘေး အမှတ်(၂၀)စျေးတွင် စျေးရောင်းသူ/ဝယ်သူများကို ယနေ့နံနက်(၈)နာရီအချိန်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးဇင်မင်းအောင်နှင့် ကြက်ခြေ နီသူနာပြုတပ်ဖွဲ့ဝင်များက စျေးဆိုင်များ၊ စျေးဝယ်သူများအား  Mask Campaign ကိုပြုလုပ် ဆောင်ရွက် ပေးခဲ့သည်။  

ထိုသို့ ဆောင်ရွက်ရာတွင် Mask နှာခေါင်းစည်း တပ်ဆင်ရန် လိုအပ်သည့် စျေးဝယ်သူများအား Mask များ တပ်ဆင်စေခြင်း၊ ကိုယ်ပူချိန်တိုင်းပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးစေခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်၍ ထွက်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးများ ရှောင်ရှားကြရန်၊ တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်၊ ကြက်ခြေနီအသင်းနှင့် ပတ်သက်၍ လိုအပ်သည့် အကူအညီ များရှိပါက အချိန်မရွေးဆက်သွယ်ကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာသည့်အတွက် စျေးများသို့ လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေလွင်ကျော်