နောင်တရားမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားပေးအပ်

 

နောင်တရား  ဩဂုတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြ စို့” ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အစီအစဉ်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ် ရေးကတ်ပြားများပြုလုပ်ပြီး ယနေ့နံနက်ပိုင်းတွင် ကျေးရွာများကိုယ်စားလှယ်များထံသို့ ပေးအပ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးဝင်းမှ တီကျစ်ကျေးရွာအုပ်စု၏ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ကို တီကျစ်ကျေးရွာအုပ်စု ကိုယ်စားလှယ်အားလည်းကောင်း၊ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်မှ ပင်ခင်ကျေးရွာအုပ်စု၏ အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား စီစစ်ရေးကတ်ပြားကို ပင်ခင်ကျေးရွာအုပ်စု ကိုယ်စားလှယ်အားလည်းကောင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပင်လောင်မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မှ ဘုရားဖြူ ကျေးရွာအုပ်စု၏ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားကို ဘုရားဖြူကျေးရွာ အုပ်စု ကိုယ်စားလှယ်အားလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

တီကျစ်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စုနှင့် ဘုရားဖြူကျေးရွာအုပ်စုအတွင်းရှိ အိထောင်စု လူဦးရေးစာရင်း (၁၁၀)စု၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား (၃၆၄)ဦးကို ထုတ်ပေးနိုင်ခဲ့သည်။ အသက်(၁၆)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစီစစ် ရေးကတ်ပြား ဆောင်ရွက်မည့် ပြည်သူများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ရုံး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်ဆောင် ရွက်နိုင်ရန်အသိပေးတိုက်တွန်း နှိုးဆော်ထားကြောင်းသိရသည်။

ခွန်အောင်