ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင်စလင်ဒါအိုးနှင့် PPE ဝတ်စုံများလှူဒါန်း

 

ကသာ ဩဂုတ်  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဩဂုတ်လ(၂၂)ရက်နေ့က Wilmar International Limited မှ ကသာမြို့နယ်အတွင်း     ကိုဗစ်-၁၉ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကသာမြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောက်ဆီဂျင်စလင်ဒါအိုးနှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ထို့သို့ ပေးအပ်ရာတွင် Wilmar International Limited မှ တာဝန်ရှိသူများက ကသာမြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် (၄၀)လီတာ အောက်ဆီဂျင်စလင်ဒါအိုး(၅၀)အိုးနှင့် PPE ဝတ်စုံ(၂၀၀)စုံတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ တာဝန်ရှိသူများက လက်ခံရရှိယူခဲ့ပြီး ယင်းကော်မတီမှ Wilmar International Limited အား ကျေးဇူးတင်ဂုတ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။