မင်းပြား ဩဂုတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ယခုလက်ရှိဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှု မရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ပေးခြင်းကို ယမန်နေ့က မင်းပြားမြို့နယ် ၊ ခြိတ်တောင်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်ဆောင်ရွက်လမ်းညွန်မှုဖြင့် မင်းပြားမြို့နယ်၊ ခြိတ်တောင်ကျေးရွာ၌ ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကြိုတင်ကာကွယ် တားဆီနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွန်ချက်များအား ပြည်သူများသိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် အသိပေးနိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask မပါရှိသူများအား မြို့နယ် ကိုဗစ်-၁၉ အသိပညာပေးရေးနှင့် သတင်း စုဆောင်း ထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရွှေဇံ ဦးဆောင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင် များ၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို မင်းပြားမြို့နယ်၊ ခြိတ်တောင်ကျေးရွာနေ ပြည်သူများအနေဖြင့် ခရီးသွားပြည်သူများ ဈေးရောင်း၊ ဈေးဝယ်လာသူများအား လမ်းသွား လမ်းလာသူများနှင့် အငှါးယာဉ် မောင်းနှင်သူများကို အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာရန်နှင့် နှာခေါင်းစည်း (Mask)မပါရှိသူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သိန်းနုအောင်