မြင်းမူ ဩဂုတ်လ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီ အတွင်း ဝါမျိုးစုံ(၁၉၅၂၀) ဧကစိုက်ပျိုးရန် လျှာထားဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။
ဝါအမျိုးအစားများအနေဖြင့်ရွှေတောင်(၈)၊ရွှေတောင်(၁၀)၊ငွေခြည်(၉)၊ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုးများကိုစိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်းကောင်း မွန်သည့် ရွှေတောင်(၈)မျိုးကို အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ(၁)ဧကလျှင် ဝါပိသာချိန်(၆၀၀)ခန့်နှင့် ဖြည့်စွက်ရေထပ်ပေးပြီးစိုက်ပျိုးနိုင်ပါက ဝါပိသာချိန်(၈၀၀)ခန့်ထွက်ရှိနိုင်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလ များတွင် စတင်ကောက်ယူကြကြောင်းသိရသည်။
ယခုအခါ မြင်းမူမြို့နယ်အနေဖြင့် ဝါဧက(၉၂၈၁) စိုက်ပျိုးပြီး ဖြစ်ကြောင်းနှင့် လက်ရှိဝါဝယ်ယူ ဈေးမှာ တစ်ပိသာလျှင် (၁၄၀၀)ကျပ်ရှိကြောင်းရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)