သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချမ်းငြိမ်း(ဟံသာ၀တီ) ရေးသားသည့် “အဝေးဆုံး...ကြည့်အမြင့်ဆုံးပြန်” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်

သုံးခွ မေ ၂၄

ရန်ကုန်ကိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး စာပေလေ့လာဖတ်ရူ့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန် ရည်ရွယ်၍  ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က  စာရေးဆရာ  ချမ်းငြိမ်း (ဟံသာ၀တီ) ရေးသားသည့် “ အဝေးဆုံး..ကြည့်အမြင့် ဆုံးပြန် ” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ စာဖတ်ဝိုင်းကျင်း ပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး (Women club) အဖွဲ့၀င် ဒေါ်စန်းစန်းမော်မှ   “အဝေးဆုံး..ကြည့်အမြင့် ဆုံးပြန်” စာအုပ်သည် လူ့ဘ၀တွင် ကြုံတွေ့တတ်သည့် အဖြစ်အပျက်တွေကို ရေးသားထားသည့်အတွက် လူကြီးလူငယ်များ အားလုံး ဖတ်ရှု့သင့်သည့် စာအုပ်ကောင်းလေးဖြစ်ပါကြောင်း၊ ကြည့်ရှု့ပုံကွာခြားသွားသည့် အတွက်ကြောင့် အနာဂတ်အောင်မြင် မှုလမ်းကြောင်းသည်လည်း ကွာခြားသွားတတ်ကြောင်းစသည်ဖြင့် ပြောကြားသည်။(Youth Club) အဖွဲ့၀င် မောင်ကောင်းထက်လှိုင်က “ကလေးတွေလို ရိုးသားနိုင်ပါစေ ”ခေါင်းစဉ်အားဆွေးနွေးရာတွင် ကမ္ဘာကြီးထဲမှာ အရိုးသားဆုံးသူတွေကို လက်ညှိုးထားပြပါဆိုရင် ကလေးတွေကိုသာ ထိုးပြရမှာဖြစ်ပါကြောင်း ၊ကလေးတွေသာ အရိုးသားဆုံးဖြစ်ပါကြောင်း၊ကလေးတွေသည် လိမ်ညာမပြောတတ် ဘယ်တော့မှမကောက်ကျစ် မယုတ်မာတတ်သလို ဘာအရောင်မှမဆိုးထားသည့် အဖြူရောင်သက်တန့် ကောင်းကင်ကလေးတွေဖြစ်ပါကြောင်း၊ မနှင်းလျှံဝေမှ “စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ကမ္ဘာကြီးထဲမှာ မရှိမဖြစ်သည့်အရာဖြစ်ပါကြောင်း၊ ချစ်ခြင်းမေတ္တာကသာ အရာရာကို ပြုပြင်ပြောင်းလဲနိုင်သည့် အစွမ်းသတ္တိတွေ ပေးဝေနိုင်ပါကြောင်း၊ စစ်မှန်သည့်ချစ်ခြင်းမေတ္တာသည် လူတစ်ဦးတစ်ယောက်ရဲ့ အကျင့်စရိုက်၊ ကိုယ်ကျင့်တရား၊အမှုအရာ၊ အပြောအဆို၊ အသွင်အပြင်ကိုပါ ပြောင်းလဲပစ်နိုင်စွမ်း ရှိပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေး၍ စာဖတ်ဝိုင်း ကျင်းပခဲ့ကြသည်။

စည်သူလင်း ပြန်/ဆက်