သတင်းများ

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မြောက်ဥက္ကလာပမြို့နယ်တွင် ဖြန့်ဝေ
Nov 26,2021
၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ လူစည်ကားရာနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်မြမြဝင်းနှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်း သိရသည်။
‌‌ရွှေပြည်သာမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ရဟန်းရှင်လူပြည်သူများနှင့် ဦးတည်အုပ်စုများ ကာကွယ်ဆေးထိုးနှံရန်နှင့် ကျန်းမာရေးအသိပေးခြင်းများ လိုက်လံနှိုးဆော်ပေးလျက်ရှိ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်စေရန်နှင့် ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ အသက်(၂၈)နှစ်အထက် ရဟန်းရှင်လူ ပြည်သူများနှင့် ဦးတည်အုပ်စုများ ကာကွယ်ဆေးထိုးနှံရန်နှင့် ကျန်းမာရေးအသိပေးခြင်းများ လိုက်လံနှိုးဆော်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးရန် သတ်မှတ်ထားသည့်နေ့ ရက်များအလိုက် ကြိုတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း အလှည့်ကျနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်က ရပ်ကွက်များအတွင်း လူစည်ကားနေရာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
မောက်မယ်မြို့နယ်၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နိုဝင်ဘာလ (၂၈)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ဤမြို့နယ်အတွင်းရှိ ဒေသခံကျောင်းသားကျောင်းသူနှင့် မိဘပြည်သူများအား ကျယ်ကျယ် ပြန့်ပြန့်သိရှိရန်အတွက် ယနေ့ နံနက်၈နာရီခွဲကမြို့မစျေးရှေ့နှင့်မင်းလမ်းတစ်လျောက် ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ အခြေခံပညာကျောင်းများနှင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ဆရာ ၊ ဆရာမ ၃၁၂၄၄ ဦးအတွက် ကျောင်းဝတ်စုံများပေးအပ်
Nov 26,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှဆရာ၊ဆရာမ(၃၁၂၄၄)ဦးအတွက်ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမတွင်ကျင်းပ ခဲ့သည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝေါမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကာသည့်လမ်းဆုံလမ်းခွနေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
သီပေါမြို့နယ်တွင်  အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူ များအား  အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစာင်များ ဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင်၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ပြင်ဉီးလွင်မြို့တွင်  (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို (  Talk  Show )   ကျင်းပ 
Nov 26,2021
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌  နိုဝင်ဘာ ၂၅ ၊ မွန်းလွဲ ( ၂) နာရီက ( Talk  Show )  ကျင်းပပြုလုပ်ခဲ့သည်။