သီပေါ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူ များအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းရွှေမာက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက်ကျောင်းသား လူငယ် မောင်မယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး သည် ကျန်းမာရေးနှင့်စပ်လျဉ်းသည့်ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် ပြန်လည် သက်ဝင်လှုပ်ရှားစေနိုင်ရန် ၊ ထူးချွန်ထက်မြက်သော အားကစားလူတော်များမွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင်တွင်လုပ်ငန်း စွမ်းပကား တိုးတက်စေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့ သက်တမ်းစေ့ နေထိုင်သွားလာနိုင်စေရန် စသည့် အားကစားနှင့်သက်ဆိုင်သော အကြောင်းအရာ များအား အသိပညာပေး ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)