ပြင်ဦးလွင် နိုဝင်ဘာ ၂၆
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ နိုဝင်ဘာ ၂၅ ၊ မွန်းလွဲ ( ၂) နာရီက ( Talk Show ) ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ( ၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ( Talk Show ) တွင်ပြင်ဦးလွင် မြို့နယ် စာရေးဆရာများအသင်း ဥက္ကဋ္ဌ ဦးဟိန်းဆက်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံအကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်အကြောင်း၊ အမျိုးသားပညာရေးအကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သတ်သော ဆောင်ပုဒ်များ အကြောင်း သိကောင်းစရာများကို ဦးဆောင်ဆွေးနွေးပြောကြားခဲ့ရာ စာပေ ဝါသနာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)