ရွှေပြည်သာ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်စေရန်နှင့် ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ အသက်(၂၈)နှစ်အထက် ရဟန်းရှင်လူ ပြည်သူများနှင့် ဦးတည်အုပ်စုများ ကာကွယ်ဆေးထိုးနှံရန်နှင့် ကျန်းမာရေးအသိပေးခြင်းများ လိုက်လံနှိုးဆော်မှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကာကွယ် ဆေးထိုးရန် သတ်မှတ်ထားသည့်နေ့ရက်များအလိုက် ကြိုတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်း အလှည့်ကျနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်က ရပ်ကွက် များအတွင်း လူစည်ကားနေရာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ပြုမူနေထိုင်ကြရန်စသည့် အသိပေးခြင်း၊ သတိပေးခြင်းများနှင့်အတူ ရောဂါဖြစ်ပွားမှုကို ကာကွယ် တားဆီးနိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာစုရပ်နေရာများတွင် ကာကွယ် ဆေးများ သွားရောက်ထိုးနှံပေးကြပါရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်တော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံသည့်နေရာများသို့ လိုက်လံ ကြည့်ရှု အားပေး၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်၊ ကျေးရွာများအလိုက် သတ်မှတ်ထားသည့်စုရပ် နေရာများတွင် ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့်ကာကွယ် ဆေးထိုးရန် လိုက်လံနှိုးဆော်ခြင်း၊ ကျန်းမာရေး အသိပေးခြင်း၊ ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကာကွယ်ဆေးထိုးနှံမည့် ဦးတည်အုပ်စုများနှင့် ဆေးထိုးစုရပ် နေရာ များ သတ်မှတ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့တွင်နံနက် ၉နာရီ ချိန်မှစတင်၍ အသက်(၁၈)နှစ်နှင့်အထက် ရဟန်းရှင်လူပြည်သူများနှင့် ဦးတည်အုပ်စုများအား ပြည်သူ့ ဆေးရုံ၊ အမှတ်(၇)၊အမှတ်(၈)၊ အမှတ်(၉)နှင့် အမှတ်(၁၆) ရပ်ကွက်များတွင် ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမိုး