သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ပခုက္ကူမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူပွဲ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် နေမှုများ ကွင်းဆင်းကြည့်ရှု
Nov 26,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူပွဲ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မဟာ‌ အောင်မြေမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Nov 26,2021
မန္တလေးခရိုင်၊  မဟာ‌အောင်မြေမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sionpharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက စုရပ်များအလိုက်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 
မြဝတီမြို့၌ အသက်(၁၂)နှစ်အထက်ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 26,2021
ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်းရှိ ပထမအသုတ်ဒုတိယအကြိမ်နှင့် ဒုတိယအသုတ်ဒုတိယ အကြိမ် ထိုးရန်ကျန်သောအခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသော ကျောင်း သား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မြဝတီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှု လျှော့ချစို့ ကျန်းမာရေး အသိပညာပေးခြင်းအား Online မှတစ်ဆင့် ဆောင်ရွက်
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စားသုံးသူပြည်သူများ ဆီအလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်နိုင်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှု အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့ ဆောင်းပါးအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက Online မှတစ်ဆင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Nov 26,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လျက်ရှိရာ ယနေ့နံနက်၁၀ နာရီက ရပ်ကွက်များ အတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
တကောင်းမြို့၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ အခြေခံပညာကျောင်း များ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ
Nov 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနှ အခမဲ့ဖြန့်ဂေသည့် သတင်းစကားလက်ကမ်း စာစောင်များအား ယမန်နေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။