ရန်ကင်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များအခမဲ့ဖြန့်ဝေ
Nov 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ (အခမဲ့) ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အား နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်း ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်လှလှထွေးနှင့် ဝန်ထမ်းများက အခြခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ ဌာနဆိုင်ရာများ၊ လမ်းသွားလမ်းလာ ပြည်သူများအား လူစည်ကားရာနေရာများ၊ စျေး၊အနှေးယာဉ်ဂိတ်၊ Taxi ဂိတ်၊ YBS ကားမှတ်တိုင်များ၌ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။