သဲကုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ နေ့ထူးနေ့မြတ်အကြောင်း သိကောင်း စရာများ သိရှိလာစေရန်နှင့် အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပညာရေးဌာနနှင့် ပူးပေါင်းပြီး (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။