ဒေါပုံမြို့နယ်တွင် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစာင်များ ဖြန့်ဝေ

ဒေါပုံ နိုဝင်ဘာလ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင်၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈) ရက်၌ ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နှုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားပညာရေး၊ အေးအတူပူအမျှ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် ရေနံ့သာ မောင်ကျော်ညွန့် ရေးသားသည့် ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ စသည်ဖြင့် အမှာစကား၊ ဆောင်းပါး၊ ဆောင်ပုဒ်နှင့် ကဗျာများ ဖော်ပြပါရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)၏