ဝေါ နိုဝင်ဘာလ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝေါမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကာသည့်လမ်းဆုံလမ်းခွနေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask)နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန်၊ အိမ်ပြင်ပထွက်ခွာတိုင်း Mask ကိုမဖြစ်မနေတပ်ရန် အရာဝတ္တုပစ္စည်း တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျလက်ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့ နေအိမ်များကို လေဝင်လေထွက်ရှိအောင် လုပ်ကြပါ စသည့်ကြေညာချက်များကို ကိုယ်စီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်တို့ကို အသိပညာပေးနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)