မောက်မယ်မြို့နယ်၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မောက်မယ်    နိုဝင်ဘာ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နိုဝင်ဘာလ (၂၈)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ဤမြို့နယ်အတွင်းရှိ ဒေသခံကျောင်းသားကျောင်းသူနှင့် မိဘပြည်သူများအား ကျယ်ကျယ် ပြန့်ပြန့်သိရှိရန်အတွက် ယနေ့ နံနက်၈နာရီခွဲကမြို့မစျေးရှေ့နှင့်မင်းလမ်းတစ်လျောက် ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ ၊ မိန့်ခွန်းကောက်နုတ်ချက်များ ၊ အမျိုးသားအောင်ပွဲနေ့ ၊ အမျိုးသားစိတ်ဓါတ် ၊ အေးအတူပူအမျှ ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုလုပ်ကြသော ကျောင်းသားကြီး(၁၁)ဦး ၊ ကဗျာ ၊ ဆောင်ပုဒ်များ  စသည့်  အကြောင်းအရာများ ကဏ္ဍစုံလင်စွာ ထည့်သွင်းဖေါ်ပြပါရှိကြောင်း  သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)