သတင်းများ

ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစု ဖြည့်သွင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစုခြင်းအား အိမ်ထောင်စုဇယား(၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစု ဖြည့်သွင်းနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးစေရန်အတွက် (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ
Nov 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ မင်းလှမြို့နယ် လယ်လှကျေးရွာ တောင်သူများ၏ စုပေါင်းချည်မျှင်ရှည်ဝါ ကောက်သိမ်းပွဲအား ကြည့်ရှုအားပေး
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လယ်လှကျေးရွာ တောင်သူများ၏ စုပေါင်း ချည်မျှင်ရှည်ဝါ ကောက်သိမ်းပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲခင်းကျင်းပြသ
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ ညနေပိုင်းက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်‌ ညောင်ပင်သာကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Nov 26,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယနေ့နံနက်(၉)နာရီက ‌ ညောင်ပင်သာကျေးရွာအုပ်စုတွင်ရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကျေးရွာများအရောက်ကွင်းဆင်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ''သတင်းစကား'' လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သော စာသင် ကျောင်း‎၊ ဈေးနှင့် ကားဂိတ်များတွင် ယမန်နေ့က သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အ.ထ.က (၂) စာသင်ကျောင်းနှင့် မြို့ပေါ် ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show မြန်အောင်၌ ကျင်းပပြုလုပ်
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက ပန်းခင်းစီမံချက်အကြောင်း အသိ ပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။