သင်္ဃန်းကျွန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဦးစီးထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပြည်သူ များ၊ အခြေခံပညာကျောင်းများ၊ ပညာရေးဒီဂရီ ကောလိပ်နှင့် ဌာနဆိုင်ရာများ၌ အခမဲ့ဖြန့်ဝေခဲ့ ကြောင်း သိရသည်။