သတင်းများ

ပေါင်းတည်မြို့၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အသက်(၁၈) နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် သတ်မှတ်ထားသော ဆေးထိုးစုရပ်များဖြစ်သည့် မိုးကုတ်ဓမ္မာရုံ၊ ရေတွင်းညီနောင် ဘုန်းတော်ကြီးကျောင်း၊ သိမ်ကြီးဓမ္မာရုံနှင့် သေဌာရုံဘုန်းတော်ကြီးကျောင်းတို့ တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်ရန် အသိပေး နှိုးဆော်
Nov 26,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်များအား သိရှိလိုက်နာနိုင်ရန် အရှိန်အဟုန်မြှင့်အသံချဲ့စက်ဖြင့် လိုက်လံနိူးဆော်ကြေညာခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ကမမောင်း မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့နံနက်ပိုင်းက ပြည်သူများထံ အသိပေးနှိုးဆော်ကြေညာခဲ့သည်။
ပေါင်းတည်မြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနှောင်းနှမ်းခေါ်ဆောင်ဦးနှမ်းများ ညောင်ဦးမြို့နယ်တွင် အောင်မြင်ဖြစ်ထွန်းဈေး ကောင်းရရန် တောင်သူများမျှော်လင့်
Nov 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ မိုးနှောင်း နှမ်းခေါ် ဆောင်းဦးနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ်ထွန်းနေကြောင်း ကတောကျေးရွာ ဦးမြင့်ဇော်ကပြောကြားသည်။ အဆိုပါ မိုးနှောင်းနှမ်းခေါ် ဆောင်းဦးနှမ်းစိုက်ပျိုးသည့် တောင်သူများသည် မိုးဦးမိုးလယ်တွင်ဘာသီးနှံမှ မစိုက်ပျိုးပဲထားကာ မြေအမြဲထွန်ရေး ညက်အောင်ထွန်ထားပြီး ပေါင်းမြက်များပေါက်လာတိုင်း ထွန်ယက်ပေးနိုင်မှသာ ဆောင်း ဦးနှမ်းကြဲပက်စိုက်ပျိုးချိန် ပေါင်းမြက်များကင်းရှင်းပြီး နှမ်းပင်များ ကောင်းလာကြောင်း သိရသည်။
မိုးမိတ်မြို့နယ်  မြို့မဈေးတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ဒေသခံပြည်သူများအား RDTစနစ်ဖြင့် စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေး တွင် RDT စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် နှာခေါင်း စည်းများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှ၂၁၇၄၁၉ ဦး ထိုးပေးနိုင်ပြီဖြစ်
Nov 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၉၇၃၃၀ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် သက်ငယ်မုဒိမ်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြော
Nov 26,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် သက်ငယ်မုဒိမ်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Nov 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်းများက ယမန်နေ့နံနက်(၁၀) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် ဇလွတ်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။