မှော်ဘီ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သော စာသင် ကျောင်း၊ ဈေးနှင့် ကားဂိတ်များတွင် ယမန်နေ့က သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီးကို နိုင်ငံလုံးဆိုင်ရာ ညီလာခံ တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်များ၊ အမျိုးသားရေး စိတ်ဓာတ်နှင့်၊ ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်(၄)ရပ်နှင့် ရေနံ့သာ မောင်ကျော်ညွှန့်ရေးသားသည့် "ဘုန်းရှင့်မြန်မာတို့မြန်မာ" ကဗျာစသည့် အကြောင်း အရာစုံကို ဖော်ပြပါရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)