ဝါးခယ်မမြို့နယ်‌ ညောင်ပင်သာကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  နိုဝင်ဘာ ၂၆

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ယနေ့နံနက်()နာရီက ‌ ညောင်ပင်သာကျေးရွာအုပ်စုတွင်ရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ ဦးဆောင်မှုဖြင့်ဝန်ထမ်းများအဖွဲ့များခွဲကာ‌ ညောင်ပင်သာ ကျေးရွာအုပ်စုရှိ  ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့်(၃၅)ဦး၊ အသက်(၁၈)နှစ်ပြည့်()ဦး၊ လဲလှယ်(၁၃)ဦး၊ မိတ္တူ()ဦး၊ စုစုပေါင်း(၇၀)ဦးနှင့် ပြောင်းရွေ့ အိမ်ထောင်စု (၇)စု တို့အားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)