ပန်းတောင်း နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ် မြောက် အမျိုသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ ညနေပိုင်းက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ် စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသရာတွင် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့လှုပ်ရှားမှု မှတ်တမ်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆောင်းပါးကောက် နုတ်ချက်များ၊ အမျိုးသားနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများကို ပြသထားပြီး စာအုပ်ပြပွဲတွင် သုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသ ထားရာ စာပေချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)