သတင်းများ

မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၃/၂၀၂၁)လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Jul 04,2021
၂၀၂၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)အချိန်က မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား ဝါသနာရှင် ပြည်သူများ တက်ရောက် ကြသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သင်တန်း၊ လက်ရက်ကန်းသင်တန်းဆင်းပွဲနှင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်
Jul 04,2021
ကရင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီခန့်က ဘာအံမြို့ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၌ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင် သူ(၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆) လ(ဒုတိယအကြိမ်)သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၀)ဦး ထပ်မံတွေ့ရှိ
Jul 04,2021
တောင်တွင်းကြီးမြို့နယ် အုန်းတော(၁)ရပ်ကွက်၊ ရွှေအိုး(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ကသာကျေးရွာ၊ မထီစံပြကျေးရွာတို့မှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူများနှင့် ၎င်းတို့နှင့် ထိစပ်သူ(၁၂၃)ဦးတို့အား ယမန်နေ့နံနက်(၁၀)နာရီအချိန်က RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၀)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (၂၂)ဦး ထပ်မံတွေ့ရှိပြီး နှစ်ဦး သေဆုံး
Jul 04,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မောင်တောမြို့ နယ်သို့ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများ၊   ဖျားနာ ၊ချောင်းဆိုး၊ အသက်ရူကြပ်ပြီး မောင်တော ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား  ယမန်နေ့က Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများအနက် မှ (၂၂)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  
တိုက်ကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ရေစက်တောင်ကျေးရွာ၊ တောင်လှိုင်ရိုးမ သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၆)တွင် ကျင်းပပြုလုပ်သည်။
၂၀၂၀-၂၀၂၁ ခု ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲကျင်းပ
Jul 04,2021
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က  ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်း များ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Jul 04,2021
 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင် သွားလာခြင်းမရှိသည့်သူများကို ယမန်နေ့နံနက် ၈ နာရီအချိန်က စည်ပင်စျေးအတွင်းအပြင်နှင့်စျေးလမ်းဆုံ တို့တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။