မူဆယ် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အ.ထ.က (၂) စာသင်ကျောင်းနှင့် မြို့ပေါ် ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေရာတွင် လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေး၊ အမျိုးသား အောင်ပွဲနေ့ အကြောင်းများ၊ မိန့်ခွန်းများနှင့် ကောက်နုတ်ချက်များ ပါဝင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (၂) စာသင် ကျောင်းမှ ဆရာ/ဆရာမ များနှင့် ကျောင်းသူ/သားများအား လက်ကမ်းစာစောင်များ (၂၀၀) စောင်ကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများထံလည်း လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ (မူဆယ်)