သတင်းများ

ကော့သောင်းမြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရပ်ကပ်စာစောင်ခင်းကျင်းပြသ
Nov 26,2021
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ခင်းကျင်းပြသမှု အစီအစဉ်အား ယနေ့နံနက် ပိုင်းက ကော့သောင်းခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်သည်။
ကော့သောင်းမြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အကြို အသိပညာပေး ဟောပြော။
Nov 26,2021
ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးဌာန က နိုဝင်ဘာလ ၂၆ ရက်နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲပြုလုပ်ကျင်းပသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ မင်းလှမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Nov 26,2021
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက မင်းလှမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့သည်။
ဝါးခယ်မမြို့နယ်တွင်အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာ ပေး ဟောပြောပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲတို့ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြု ဗဟိုဌာန  Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့တွင် အသက်(၂)နှစ်ခွဲအောက် လေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး
Nov 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှအသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ပိုင်ကျုံ ကျေးလက်ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 26,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြတ် စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသော ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် ၈ နာရီက ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တိုင်ထောင်ဗိုလ်စားပဲသီး အထွက်နှုန်းနည်းသော်လည်း စျေးကောင်းသဖြင့် စိုက်ပျိုး တောင်သူများ အဆင်ပြေ
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တောင်ခြမ်းရှိ ကျေးရွာများသည် စပါးသီးနှံအပြင် အခြားသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မှာတော့ တိုင်ထောင်ဗိုလ် စားပဲသီးများ အထွက်နှုန်းနည်းသော်လည်း စျေးကောင်းသဖြင့် စိုက်ပျိုး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။