ဝါးခယ်မ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာ ပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြား၍ သံကြိုးတိုင်မူလွန်တိုးချဲ့မြို့သစ်ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဝါဝါမိုးက အမျိုးသားအောင်ပွဲနေ့အကြောင်း၊ အမျိုးသားပညာရေးအကြောင်းနှင့် အမျိုးသားရေး စိတ်ဓာတ်အကြောင်း ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများမှ စာအုပ်ပြပွဲတွင် ပြသထားသော သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြောင်း သိရသည်။
စောသန္တာဦး