သတင်းများ

  အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို Swabယူစစ်ဆေးရာ (၅၁)ဦး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swabယူ စစ်ဆေးရာ (၅၁)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ငါးသိုင်းချောင်းမြို့၌ လေဘေးသင့်‌နေအိမ်အမိုးလန်ပျက်စီး အိမ်ထောင်စုဝင်များသို့ ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ပေးအပ်
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူ‌လေးကျေးရွာအုပ်စု၊ ကက္ကူလေးကျေးရွာတွင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ(၂)နာရီ (၁၅) မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ရာ ယင်းနေအိမ်အမိုးလန်ပျက်စီးအိမ်ထောင်စု(၁)စုအား ကျေးရွာအတွင်းရှိ နီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်၌ ယာယီရွှေ့ပြောင်း နေရာချထားပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Jul 04,2021
 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆေးရောက်ရှိမှုပေါ်မူတည်၍ ထိုးနှံပေးလျက်ရှိရာ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်း (၁၀၀) ဦးအား မြို့နယ်ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ကျေးရွာများ/တဲတိုက်များသို့ ရေဂါလံ ၅၀၀၀ဆံ့ရေအုတ်ကန်လှူဒါန်း
Jul 04,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာများနှင့် တဲတိုက်များအတွက် မိုးတွင်းအချိန်နှင့်ရေလှူဒါန်းချိန်များတွင် ရေသို လှောင်နိုင်ရန် ရေဂါလံ ၅၀၀၀ဆံ့ ရေအုတ်ကန်များကို တစ်ဦးခြင်းအလှူရှင်များနှင့် ရန်ကုန်မြို့၊ ဝေမျှခြင်း အသင်းတို့မှ ရေအုတ်ကန်များလှူဒါန်းပေးလျက်ရှိကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်းထံက သိရသည်။
ပြည်သူ့စာကြည့်တိုက်တွင် ကာကွယ်ဆေးဖျန်းခြင်း ဆောင်ရွက်
Jul 04,2021
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ စာငှားသူများ နေ့စဉ်လာရောက်ဝင်ထွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ   ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်         မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ယနေ့တွင် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်ဓါတ်ပုံပြသ
Jul 04,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာအမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးမှအစ အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဘဝများကို ထိန်းသိမ်း စောင့်ရှောက် မြင့်တင်ပေးရန် ရည်ရွယ်၍ အမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်ဓါတ်ပုံပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြသကြောင်း သိရသည်။