သတင်းများ

ညောင်တုန်းမြို့တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာ‌ဆောင်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာ‌ ပေး နံရံကပ်စာစောင်များပြသ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တွင်းနံရံကပ် ဘုတ်နှင့် ရုံးရှေ့မြေဆိုက်ဘုတ်၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ် စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပြသဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပမည်
Nov 26,2021
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ရက်နေ့ထိ ၆၈လမ်းနှင့် ငုရွှေဝါလမ်းကြား၊ မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ ဒေသခံပြည်သူများ လူငယ်လူရွယ်များ ကျောင်းသား/ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိစေရန်နှင့် အစဉ်သတိရစေရန်အတွက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်(၉)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖျာပုံမြို့ မြောက်ပိုင်းစျေးတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉နာရီမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ငါန်းဇွန်အ.ထ.က၊ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်များ သို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Nov 26,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို နိုဝင်ဘာ ၉ရက်နေ့မှစ၍ နေ့စဉ် မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
သရက်မြို့နယ် မုံဇလီကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် အသိပညာပေးဟောပြော
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် မုံဇလီကျေးရွာတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း နှင့် တောင်သူများအား အသိပညာပေးခြင်ကို ယနေ့နံနက်(၈)နာရီက မုံဇလီကျေးရွာ တောင်သူ ဦးအောင်ဌေး၏ ကွင်းအမှတ်-၅၂ ဦးပိုင်အမှတ်-၃၅၃တွင် တစ်ဧကတွင် စိုက်ပျိုးထားရှိသည့် ဆင်းသုခ စပါးခင်းတွင် စပါးရိတ်သိမ်းခဲ့ရာ အစို(၉၉.၆၁)တင်း၊ အခြောက်(၈၉.၆၅)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ မိုးစပါးကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Nov 26,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။