ပိုင်ကျုံမြို့တွင် အသက်(၂)နှစ်ခွဲအောက် လေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

ပိုင်ကျုံ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှအသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ပိုင်ကျုံ ကျေးလက်ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကို ပိုင်ကျုံမြို့‌ ကျေးလက်ကျန်းမာ‌ရေး ဦးစီးဌာန ဝန်ထမ်းများက ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသ ော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ  မွေးစမှ  အသက်(၂)နှစ်‌  အောက်ကလေးငယ်များအား   ဆုံဆို့နာ၊ ကြက်ညာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊    အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါ   ၊ ပိုလိုယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက်   ကာကွယ်ဆေးထိုးနှံခြင်း/  တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအားကာကွယ် ဆေးဆက်လက်ထိုးနှံပေးခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပြီးကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)