ကော့သောင်းမြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရပ်ကပ်စာစောင်ခင်းကျင်းပြသ

ကော့သောင်း   နိုဝင်ဘာ ၂၆

(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ခင်းကျင်းပြသမှု အစီအစဉ်အား  ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ပြုလုပ်သည်။

ပြပွဲတွင် မြန်မာနိုင်ငံ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ် များ ဖြစ်ပေါ် ပြောင်းလဲလာပုံ အကြောင်း သိကောင်းစရာများ၊ လူငယ်လူရွယ်များနိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန် ထက်မြက်လာရေး လှုံ့ဆော်ပညာပေးဆောင်းပါးများ၊ လွတ်လပ်ရေးနှင့် နိုင်ငံ့အချုပ်အချာအာဏာ ထိန်းသိမ်း ကာကွယ်စိတ်များ  ရှင်သန်နှိုးကြားလာရေးစာစုများစသည့် ဗဟုသုတဖြစ်ဖွယ်များ၊ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်တို့အား ခင်းကျင်းပြသထားပြီး နံရံကပ်စာစောင်ပြပွဲသို့ လာရောက်သည့် လူငယ်များက ပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)