ကော့သောင်း နိုဝင်ဘာလ ၂၆
ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးဌာန က နိုဝင်ဘာလ ၂၆ ရက်နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲပြုလုပ်ကျင်းပသည်။
ဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦးက ကျောင်းသား၊ ကျောင်းသူများ ငယ်ရွယ်စဉ်ဘဝမှစတင်ကာ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ရှောက်ထိန်းသိမ်းတတ်ရေး၊ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး တာဝန်များ ထိန်းသိမ်း တတ်ကြရေး၊ မြန်မာနိုင်ငံ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်များ ဖြစ်ပေါ်ပြောင်းလဲလာပုံ အကြောင်းသိကောင်းစရာများ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စသည်တို့ကို ကျောင်းသား၊ ကျောင်းသူကလေးများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း )