သတင်းများ

နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ ၃၀၀ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Nov 26,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲအချိန်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
နမ္မတူတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ အသိပညာ ပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိရသည်။
ဘားအံမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Nov 26,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မား လာစေရန်၊ စာပေနှင့်ရင်းနှီးမှုရှိပြီး စာဖတ်ဝါသနာရှိလာစေရန်၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကျင်းပပြုလုပ်
Nov 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျ ရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင် ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကသာ၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Nov 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတွင် (၁ဝ၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Nov 26,2021
မိတ္ထီလာမြို့မြို့မဈေးကြီး(အပြင်ဈေး)နှင့်လူစည်ကားရာနေရာများတွင် နိုဝင်ဘာလ ၂၆ရက်နေ့နံနက် ၁ဝ နာရီအချိန် က (၁ဝ၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 26,2021
တန်းဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရေးအတွက် ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက် မြို့မစျေးနှင့် ဆိုင်ကယ် Taxi ဂိတ်တို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။