ကော့ကရိတ် နိုဝင်ဘာ ၂၆
တန်းဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရေးအတွက် ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက် မြို့မစျေးနှင့် ဆိုင်ကယ် Taxi ဂိတ်တို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဆောင်းပါး၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ပညာရေးကဏ္ဍသည် အရေးကြီး၊ အမျိုးသားရေးစိတ်ဓာတ်၊ အေးအတူ ပူသမျှ၊ အမျိုးသား ပညာရေး၊ ကဗျာဆရာ(ရေနံသာမောင်ကျော်ညွှန့်)၏ ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာ၊ မျိုးချစ်စိတ်ဓာတ် ထိန်းသိမ်းအပ် ကိန်းဝပ်ရှင်သန်ဇာတိမာန်၊ နိုင်ငံသာယာ ဝပြောဖို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်စို့ ဆောင်ပုဒ်များနှင့် ကာတွန်းစသည့် အချက်များပါဝင်ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)