ရှမ်းရွာသစ်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကျင်းပပြုလုပ်

ရှမ်းရွာသစ် နိုဝင်ဘာ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျ ရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင် ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်အေးအေးနွဲ့က ယခုအချိန် တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ် ချိန်တွင် ကျောင်းသားလူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန်၊ စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ် စာပေများကို ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးကောင်းမွန်ရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းချီဆွဲပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူစုစုပေါင်း(၁၁)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိ ရသည်။

အေးအေးနွဲ့