လှိုင်းဘွဲ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးစောသော်တာလင်းသန့်က ကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ ်သော အမျိုးသား အောင်ပွဲနေ့ကို တန်ဖိုးထားပြီး သိရှိနိုင်စေရန်အတွက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားခေါင်းဆောင်တို့၏ ဆောင်ရွက်ချက်များ၊ အမျိုးသားပညာရေးကဏ္ဍ၊ ၂၀၂၁ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေး စိတ်ဓာတ်၊ နိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံးတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့်သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုး ထား ထိန်းသိမ်းမြှင့်တင်ခြင်း၊ ကျောင်းသား/သူများအနေဖြင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျောင်းစာ အပြင် အသိပညာဗဟုသုတရရှိစေမည့် စာပေများကို လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်း၊ ခေတ်မီနည်းပညာ များကို လည်း ကြိုးစားသင်ယူရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနက ပြသထားသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ အသိပညာနံရံကပ် စာစောင်များ ကိုလည်း ကျောင်းသား/သူများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)