ဘားအံ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မား လာစေရန်၊ စာပေနှင့်ရင်းနှီးမှုရှိပြီး စာဖတ်ဝါသနာရှိလာစေရန်၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခက်ခက်လွင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သရေပင်းသယ်ပြိုင်ပွဲ၊ ပုဂံသယ်ပြိုင်ပွဲ၊ ဘောလုံးမှုတ်ပြိုင် ပွဲတို့ကို ကျင်းပပြုလုပ်ပေးခဲ့ရာ အမက (၁၂)မှ ကျောင်းသူကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဘားအံခရိုင် ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် ဝန်ထမ်းများက ဆုများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် ပြန်/ဆက်