မိတ္ထီလာ နိုဝင်ဘာ ၂၆
မိတ္ထီလာမြို့မြို့မဈေးကြီး(အပြင်ဈေး)နှင့်လူစည်ကားရာနေရာများတွင် ယနေ့နံနက် ၁ဝ နာရီအချိန် က (၁ဝ၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့မဈေးကြီး (အပြင်ဈေး) တွင်ဈေးရောင်းဈေးဝယ်လာသူများနှင့် လူစည်ကားရာ နေရာများတွင် ဖြတ်သန်းသွားလာကြသူများထံသို့ (၁ဝ၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်၊ အေးတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်း သားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့၊ ရေနံ့သာ မောင်ကျော်ညွန့်ရေးသားသည့် “ဘုန်းရှင့်မြန်မာ တို့မြန်မာ” ကဗျာ အစရှိသော ကဗျာ၊ ဆောင်ပုဒ်၊ ကောက်နုတ်ချက်များနှင့် ဗဟုသုတဆိုင်ရာ အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။ ချမ်းသာ