သတင်းများ

မြစ်သားမြို့နယ်တွင်  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  အသက် ၅၅နှစ်နှင့် အထက် ပြည်သူများအား  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို   မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ စုရပ်အဖြစ် သတ်မှတ်၍   နေ့စဉ် နံနက် (၉) နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်က‌လေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် စာရေးဆရာ အောင်သင်း ရေးသားသော ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်၊ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးCommunity Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ ဆောင်းသီးနှံ ငရုတ်များ ရင့်မှည့်လာ၍ တောင်သူတို့ အချိန်မှီရောင်းချနိုင်ရန် စတင်ခူးဆွတ်
Nov 26,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတောင်သူ များ စီပွားဖြစ်စိုက်ပျိုးထားလျက်ရှိသော  ဆောင်းသီးနှံ ငရုတ်များ ရင့်မှည့်လာ၍ တောင်သူ တို့ အချိန်မှီရောင်းချနိုင်ရန် စတင်ခူးဆွတ်နေကြပြီဖြစ်သည်။
တောင်ဥက္ကလာပမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချီသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နိုင်ငံတော်၏ သမိုင်းဝင်နေ့ကြီး ရက်ကြီး များအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
သပိတ်ကျင်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၈)နာရီခွဲအချိန်က (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကျင်းပ
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်တွင် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် “အမျိုးသားနေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အ.ထ.က ကျောင်းတွင် ပြုလုပ်သည်။
ဝေါမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 26,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က  ထုတ်ဝေ သည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ စာသင်ကျောင်းများ၌ အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်၊ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲများကျင်းပ
Nov 26,2021
(၁၀၁)ကြိမ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။