သတင်းများ

နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာ အုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ရောဂါဖြစ်ပွားမှုအား တာဆီးကာကွယ်နိုင်စေရန်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအား RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ထမ်းများက အခမဲ့စစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၁၄)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေး ဦးစီးဌာနမှ သိရသည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအသိပညာပေး Talk Show ပြုလုပ်
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့ရုံး Community Centre ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Tesk Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိ
Nov 25,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ရောဂါဖြစ်ပွားမှုအား တားဆီး ကာကွယ်နိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက အခမဲ့ စစ်ဆေးပေးလျက် ရှိသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုများ ရှိ/မရှိ (အခမဲ့) စစ်​ဆေး​
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ကူးစက်မှု များ ပ​ပျောက်​​ရေးအတွက် ​ ​ယ​နေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်)​ကျောင်း​ရှေ့ ပြည်ထောင်စု လမ်းမကြီး​ပေါ်တွင် သွားလာ​နေကြသူများကို သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က ကိုဗစ်-၁၉​ရောဂါ ရှိ/မရှိ (အခမဲ့)စစ်ဆေး​ပေးခဲ့​ကြောင် သိရသည်။
ပခုက္ကူပညာရေး ဒီဂရီကောလိပ်ကျောင်းတွင် နည်းပြ/သရုပ်ပြနှင့် အခြေခံပညာအဆင့် ကျောင်းဆရာ၊ ဆရာမများအား မွမ်းမံသင်တန်း သင်ကြားပို့ချ
Nov 25,2021
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာ၏ ကြီးကြပ်မှုအောက်ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ် နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာအဆင့် အလယ်တန်း၊ လက်ထောက်မူလတန်းပြ ကျောင်းဆရာ၊ ဆရာမဝန်ထမ်းသစ်များအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်များအလိုက် ကျွမ်းကျင်စွာ သင်ကြားပို့ချ နိုင်စေရေးအတွက် သင်ကြား ရေး နည်းပညာဆိုင်ရာ မွမ်းမံသင်တန်းကို နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ပြီး သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရေဦးမြို့နယ်ပြည်သူ့စာကြည့်တိုက်လူထုအ‌ေခြပြုဗဟိုဌာနကွန်မြူနတီစင်တာတွင် " အမျိုးသားအောင်ပွဲနေ့ " အထိမ်းအမှတ် အသိပညာ‌ပေးTalk Show ပြုလုပ်
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာ နေစူး (ရေဦး ) တို့ပူးပေါင်းစီစဉ်သော အမျိုးသားအောင်ပွဲနေ့ အကြောင်းအသိပညာပေး Talk Show ကိုနို၀င်ဘာ ၂၅ရက်နံနက် ၉ နာရီကလူထုအခြေပြုဗဟိုဌာန ကွန်မြူနတီစင်တာ၌ ပြုလုပ်ခဲ့သည်။
ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
Nov 25,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ လွင်သူဦး၏ နွေးထွေးစွာအတူတူ ရုန်းကြရအောင် စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီက ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။