သပိတ်ကျင်း နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၈)နာရီခွဲအချိန်က (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် တန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင် ပေါ်ပေါက် လာခဲ့ သည့် အမျိုးသားနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဌာန်ပြုကြ သော ကျောင်းသားကြီး (၁၁)ဦး၊ ပညာရေးကဏ္ဍသည် အရေးကြီး၊ အမျိုးသားရေးစိတ်ဓာတ်နှင့်အေးအတူပူ အမျှ၊ အမျိုးသားပညာရေး၊ ကဗျာဆရာ(ရေနံ့သာခင်မောင်ညွှန့်)၏ ဘုန်းရှင့်မြန်မာ တို့မြန်မာ မျိုးချစ်စိတ် ဓာတ်ထိန်းသိမ်းအပ်ကိန်းဝပ်ရှင်သန် ဇာတိမာန် စသည့် အချက်အလက်များပါဝင်ကာ ထုတ်ဝေထားကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူနှင့် ဝန်ထမ်းများက (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအထိမ်းအမှတ် လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ လက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)